Sunday, June 3, 2018

ဂျွန်မက်အာသာ .. John MacArthur နာမည်ကျော် ခရစ်ယန် ကွန်ဆာဗေးတစ် ဓမ္မဆရာတစ်ဦး


ဂျွန်မက်အာသာ .. John MacArthur
နာမည်ကျော် ခရစ်ယန် ကွန်ဆာဗေးတစ် ဓမ္မဆရာတစ်ဦး ဖြစ်ပါတယ်။ လူကြိုက်များ တရားဟောချက်များကို ဟောလေ့မရှိတဲ့တဲ့ အတွက် လူသိပ်မသိကြပါဘူး။ အကယ်ဒမစ်သီအိုလိုဂျီနဲ့ဆိုင်တဲ့ ကျမ်းစာကျောင်းများစွာမှာ ပို့ချလျက် ရှိပါတယ်။ အသင်းတော်များ၊ အမေရိကန် သမတဖြစ်လာတဲ့ ဒေါ်နယ်ထရန့် ကို ထောက်ခံသူ ဂျွန်မက်အာသာ အကြောင်း အနည်းငယ်ရေးလိုက်ပါတယ်။
.
၁၉၃၉ ခုနှစ် မွေးဖွားတဲ့အတွက် အခု ၂၀၁၇ မှာ အသက် ၇၈နှစ် ရှိပြီ ဖြစ်ပါတယ်။ ကာလီဖိုးနီးယား က Grace Community Church မှာ သင်းအုပ်ဆရာ ဖြစ်ပါတယ်။ ကာလီဖိုးနီးယားက The Master's Universityနဲ့ The Master's Seminary တို့ရဲ့ ဥက္ကဌ အဖြစ် တာဝန်ယူထားပါတယ်။ တက္ကသိုလ် ကျမ်းစာကျောင်းရဲ့ ဆရာဖြစ်တဲ့အတွက် သင်းအုပ်များ၊ ဓမ္မဆရာများစွာအပါ် သြဇာကြီးပါတယ်။ စာအုပ်ပေါင်း ၁၅၀ လောက် ရေးသားထုတ်ဝေခဲ့ပြီး အကျော်ကြားဆုံး စာအုပ်ကတော့ MacArthur Study Bible ဖြစ်ပါတယ်။
.
.
သူ့ဘ၀ခရီး
တက္ကသိုလ်ပညာသင်အဖြစ် ကာလီဖိုးနီးယား Talbot Theological Seminary ကျမ်းစာကျောင်းက Masters of Divinity ရရှိပြီး၊ ခရစ်ယန် ရေဒိယိုပရိုဂရမ်း Grace to You ကို တရားဟောချက်များ၊ လွှင့်ထုတ်ပါတယ်။ သူရဲ့ ဘ၀ရည်မှန်းချက် ဓမ္မသစ်ကျမ်းစာကို ၄၃နှစ်တိုင်အောင် ပို့ချ အသံလွှင့်ခြင်း ၂၀၁၁ ခုနှစ်မှာ ပြီးဆုံးခဲ့ပါတယ်။ ဇနီး ပက်ထရစ်ရှာ နဲ့ သားသမီး ၄ဦးရှိပါတယ်။
.
.
သူ့ ယုံကြည်ချက်
ခေတ်ပေါ် နာမည်ကျော်လူကြိုက်များတဲ့ ခရစ်ယန်ဓမ္မဆရာများ ဥပမာ Robert Schuller, Bill Hybels, and Rick Warren တို့ရဲ့ ခေတ်ပေါ် ဧည့်သည်ဖိတ်ခေါ်တဲ့ ၀တ်ပြုအစီစဉ်ကို လက်ခံခြင်းမရှိသူ ဖြစ်ပါတယ်။ နာမည်ကျော် Joel Osteen၊ Billy Graham တို့ရဲ့ ကယ်တင်ခြင်း ဆိုတာ လူတိုင်းအတွက် ဖြစ်တယ်လို့ ဟောပြောချက်တွေကိုလည်း ဝေဖန်သူ ဖြစ်ပါတယ်။ Roman Catholicism နဲ့ ပုပ်ရဟန်းမင်း သာမက အစ္စလမ်ဘာသာ ကိုလဲ လမ်းလွဲနေတယ်လို့ ပြောပါတယ်။ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် ရဲ့ အမျိုးသားရေးဝါဒကို ထောက်ခံတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် ခရစ်ယန်သင်းအုပ် တစ်ဦး ဖြစ်ပါတယ်။
.

Reference:
1. https://en.wikipedia.org/wiki/John_F._MacArthur
2. Sermon, https://www.youtube.com/watch?v=sTd2Dvnck1Q
 — with Daniel Aye PeEhsehwah SawZaw HtooMin Aung Thet LwinSaw San Aung TimothySaw Tu Tu JamesThang No and Thant H Tun.

No comments:

Post a Comment